တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

“လူမိုက်များနှင့်ခွဲခွာခြင်း”

လူတွေပေါ့ ..
နည်းနည်းတော့ ရူးနေကြတယ်
ဒါဟာ လူတစ်ယောက်သေတာမဟုတ်ဘူး
အနုပညာတစ်ခုသေသွားတာ
ဘာနဲ့ အစားထိုးပြကြမှာလဲ
ကြေကွဲဖူးပါရဲ့လို့ ပြောပြနေရုံနဲ့ကော
ရင်ခုန်သံတွေ ပြန်ရနိုင်မှာလား
စကားအလွန်များတဲ့ လူတွေ
အခု သေနေကြပြီလား
ခင်ဗျားဟာ ပေါ့စတားမဟုတ်တာ
နည်းနည်းတော့နာတယ်ဗျာ
မသာတွေလိုက်ပို့ကြ
ဘုရားတွေတည်လိုက်ကြ
ဝမ်းနည်းပြလိုက်ကြ
သတင်းတွေရောင်းစားလိုက်ကြ
ရင်ထဲက အောင့်ပြီးနာလာတယ်
ခင်ဗျား စောစောထွက်သွားတာလည်း
ခပ်ကောင်းကောင်းပါပဲဗျာ
လူတွေဟာ အနုပညာကို နားမှမလည်ကြတာ
ခင်ဗျားရဲ့ နှလုံးသားကြီးကို ချထားတာတောင်
ဘယ်ကောင်မှ လာမစားကြဘူး
ကျွန်တော်တို့မှာက တမ်းတမိန်းမောနေရ
လဲသေကြ
လဲသေကြ
“ငါ့ ဘ၀တစ်ခုလုံးနဲ့ လဲသေလိုက်ကြ”
အတ္တမာနတွေကို ခ၀ါချပြီး
ခဏဖြစ်ဖြစ်ပေါ့ အနုပညာမြစ်ထဲ
ခုန်ချလိုက်တယ်
ကျွန်တော် ဘာမှပြန်မရတော့ဘူး
အနုပညာကို ရုပ်တွေနဲ့ တန်ဖိုးဖြတ်နေကြတယ်
လူတွေ ဘ၀ပြောင်းကုန်ကြပြီ
ဗန်းဂိုးရဲ့ ပန်းချီတစ်ချပ်ဟာ သန်းချီတန်ခဲ့ချိန်မှာ
မာရီလင်မွန်ရိုးရဲ့ ဓါတ်ပုံတစ်ချပ် ဘယ်လောက်တန်ပါသလဲ
ကျွန်တော့်ရင်ထဲမှာ ခံပြင်းစိတ်တွေချည်းပဲ
ခပ်ရိုင်းရိုင်းပဲ ပြောလိုက်တော့မယ်
သောက်သုံးကိုမကျတဲ့ သေမင်းကွာ
အနုပညာကိုမှ ခေါ်သွားတယ်
ဘာမှလာရှင်းပြမနေကြနဲ့တော့
ဘယ်လောက်ရိုင်းကြလဲဆိုတာ
ဘုရားပါသိသွားပြီ
“လူမိုက်တွေကော လူကောင်းတွေကိုကော ခင်ဗျားထားခဲ့ပြီ”
ရင်ထဲမှာ အတားအဆီးမရှိသူတွေ
လွမ်းကြ .. ။ ။
ကိုဖြိုး

4 comments:

Yan said...

ဒီစာက တာရာမင်းဝေရေးတာလား ကိုဖြိုးရေးတာလား. အောက်ဆုံးမှာ နာမည်ရေးထားတာတွေ့လို့.

Nyi Nyi said...

whatsoever it is, this is a true factor and I'm so itchy about to talk about. I hate these guys...

i.e. When a firm star dies, there are lots of journals and media expressed about this. But how come???? when a writer died????? Why? These people are suck !!!

Unknown said...

hey...fuck you man....no need to say people...that all people have their own art... how do you know people don't understand about art...Don't use the words "လူတွေဟာ အနုပညာကို နားမှမလည်ကြတာ"....ok...why i do say you is..that you don't know about people very much...fuck..!!!!

Anonymous said...

ဟီဟီ...

ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။


Blog Archive