တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

မကေရဲ့ ပိုစ့်

အခုပဲ..ဟစ်တိုင်မှာ..တာရာမင်းဝေကွယ်လွန်ဆိုတဲ့သတင်းကို..အလန့်တကြားတွေ့လိုက်ရတယ်။
ဘယ်လိုတွေဖြစ်နေကြတာလဲ....ဘာတွေဖြစ်နေတာလဲ...
ဟောတယောက်..ဟောတယောက်..
“ မိဘတွေက..သားသမီးတွေကို..သင်္ဂြုဟ်နေရတဲ့ခေတ်ဖြစ်နေတယ်..” ဆိုတဲ့..လူကြီးတယောက်
ပြောတဲ့စကားကိုပြန်ကြားယောင်မိရင်း...ရင်ထဲအုံ့ပျက်သွားလိုက်တာ။

အသဲရောင်ရောဂါတဲ့...
ဗမာပြည်မှာ..ပြည်သူ့ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မူတွေ..ဘယ်လောက်တောင်ဆိုးဝါးနေပီလဲ။
ဘာတွေလဲ..ဘာတွေလဲကွာ...
တာရာမင်းဝေဆိုတာ..ပြောင်မြောက်တဲ့ကဗျာတွေ..ဆန်းပြားတဲ့ဇာတ်လမ်းတွေထွင်တတ်..ရေးတတ်တဲ့သူတယောက်ဆိုတာထက်...ဗကသမှာ..တချိန်က..ပါဝင်လှုပ်ရှားခဲ့ဘူးတာ..နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ ဘူးတာတွေ..ဘားမားကန်ပိန်းက..ကိုအောင်ဒင်နဲ့ညီအကိုဆိုတာတွေက..
ပိုပီးစိတ်ဝင်စားစရာကောင်းနေတယ်။

ပီးတော့..ချစ်စရာကောင်းစွာ..လှပသိမ်မွေ့တဲ့..သူ့ဇနီး..မခင်မေ၀င်း (ခ) မနော်ဟရီကိုလည်း..မျက်စိထဲမှာမြင်ယောင်ပီး.စိတ်မကောင်းဖြစ်နေမိတယ်..သူ့သားလေး..ခေတ်နေ ရော..

တာရာမင်းဝေကို..ကိုယ်တိုင်မမြင်ဘူးပေမဲ့..မနော်ဟရီကိုတော့..IFL မှာပြင်သစ်စာသင်ရင်း ဘေးချင်းကပ်ထိုင်..စာချင်းဖလှယ်ခဲ့ကျသူမို့..ကောင်းကောင်းသိနေသည်။ မြန်မာဆန်ဆန်အမြဲဝတ်
တတ်ပီး..သူ့လည်ပင်းမှာဆွဲထားတဲ့..လက်ဝါးကပ်တိုင်လေးက..အမြင်ဆန်းနေစေတယ်လေ။
နောက်တခါ..ဆရာတင်မောင်သန်းပေးတဲ့..ဂျာနယ်လစ်သင်တန်းတခုမှာလဲ ဆုံဘူးတယ်။

တိုက်တိုက်ဆိုင်ဆိုင်..တလောကမှ..ဆစ်ဒနီမှာနေတဲ့..အဒေါ်ဆီက..သတင်းကြားတယ်..
အဲဒီမှာနေတာကြာပီဖြစ်တဲ့..မနော်ဟရီရဲ့မိဘတွေက..သူတို့သမီး..ဆစ်ဒနီကိုလာတော့မယ်လို့..
ဝမ်းသာအားရပြောပြတယ်တဲ့..ကိုယ်တောင်..တော်တော်စိတ်ဝင်စားသွားသေး။

ကဲကွယ်..ဘာပြောရမှန်းတောင်မသိတော့ဘူး..။
တာရာမင်းဝေတယောက်..ကောင်းရာသုဂတိရောက်ပါစေလို့ပဲ..၊

မကေသွယ်ရဲ့ တာရာမင်းဝေကွယ်လွန်ပြီတဲ့ ဆိုတဲ့ ပိုစ့်မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။

0 comments:

ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။


Blog Archive