တာရာမင်းဝေ
တာရာမင်းဝေကို ကျွန်တော် စသိတာက ကျွန်တော် ကိုးတန်းကျောင်းသား ဘ၀။ ကျွန်တော် စာအုပ်ငှားတဲ့ ဆိုင်လေးက မြစ်ကြီးနားမြို့ သီတာရပ်ထဲက စာအုပ်ဆိုင်လေး။ တစ်ရက်တော့ စာအုပ် သွားရှာရင်း စာအုပ်တစ်အုပ်ကို တွေ့လိုက်သည်။ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေးတဲ့။ စာရေးသူကို ကျွန်တော်မသိ။ တစ်ရွက်နှစ်ရွက် အစမ်းဖတ်ကြည့်ပြီး သွားတာနဲ့ ထိုစာအုပ်လေးကို ကျွန်တော် ငှားလာဖြစ်ခဲ့တော့သည်။ ဖတ်ပြီးတော့လည်း ကျွန်တော် အရမ်းကြိုက်သွားသည်။ ဇာတ်လမ်းထဲမှ သီဟသစ်သည် ကျွန်တော်ဖြစ်သွားပြီး နှင်းဆီဖြူသည် ကောင်မလေး တစ်ယောက် ဖြစ်သွားသည်။ ငါ့သမိုင်းကို ငါရေးမည်၊ ငါ့ငှက်များ ကောင်းကင်သို့ ပြန်စေသတည်းဟူသော စကားလေးကိုလည်း အလွန်နှစ်သက် သွားမိသည်။ ထို့အတူ တာရာမင်းဝေဆိုသော နာမည်ခပ်ဆန်းဆန်း စာရေးဆရာကိုလည်း မှတ်မှတ်ယယ ဖြစ်သွားခဲ့သည်။ ထိုစဉ်က ကျွန်တော်က ဆယ်တန်းကျောင်းသား ဖြစ်တော့မည့် အရွယ်ဆိုတော့ ဘ၀မှာ ကိုယ်သာ အရေးအကြီးဆုံး၊ ကျောင်းသားဘ၀သည် ပျော်ရွှင်စရာ အကောင်းဆုံးဟု ယုံကြည်မိနေချိန်လည်း ဖြစ်သည်။ ကျွန်တော် နှစ်သက်သော အခြားစာအုပ်တစ်အုပ် ရှိသေးသည်။ မင်းလူ၏ ပန်းကျောင်းဆိုသော စာအုပ်။ ထိုစာအုပ် နှစ်အုပ်စလုံးမှာ အခြေခံပညာ ကျောင်းသားဘ၀ နောက်ခံ အချစ်ဇာတ်လမ်းလေးတွေ ဖြစ်သည်။ ပန်းကျောင်းကတော့ ရိုးစင်းသည်။ တာရာမင်းဝေ၏ စာအုပ်ကတော့ စကားလုံးလေးတွေ ဆန်းသစ်သလို အတွေးအခေါ်လည်း ဆန်းသစ်နေသည်။
ထို့နောက် ကျွန်တော်လည်း ဆယ်တန်းအတွက် နွေရာသီသင်တန်းများ တက်ရန် ရန်ကုန်သို့ ရောက်လာသည်။ သူငယ်ချင်းများနဲ့ YES မှာအင်္ဂလိပ်စာ သင်တန်း တက် ဖြစ်သည်။ တစ်နေ့ ကျွန်တော်က သူငယ်ချင်း ပြည့်စုံဝင်းကို အဆိုပါစာအုပ်အကြောင်း ပြောဖြစ်တော့ သူက စာအုပ်တစ်အုပ် ယူလာပြသည်။ သူကတော့ ရွှေဖိနပ်ထက် ထိုစာအုပ်ကို ပိုသဘောကျကြောင်း ပြောသည်။ မှတ်မှတ်ယယ သူက မှာလိုက်သေးသည်။ ထိုစာအုပ်ကိုဖတ်လျှင် နောက်ဆုံး စာမျက်နှာကို ဖတ်ချင်လည်းဖတ်၊ မဖတ်ချင်လည်း နေလို့ရတယ် ဟူ၍ ဖြစ်သည်။ ထိုစာအုပ်မှာ တာရာမင်းဝေ၏ ပထမဆုံး လုံးချင်းစာအုပ်၊ ပန်းခေတ်ကလမင်းပင် ဖြစ်သည်။ ထိုစာအုပ်ကိုလည်း ဖတ်လိုက်မိသည်နှင့် ကျွန်တော် အရမ်းနှစ်သက် သွားခဲ့သည်။ ထိုဝတ္ထုထဲမှ ဇာတ်ဆောင်သည် ကျွန်တော့်ကို ရည်ရွယ်ပြီး ရေးထားသည်ဟု ထင်ရလောက်အောင် ကျွန်တော်နှင့် တူသည်ဟု ခံစားမိခဲ့သည်။ သူငယ်ချင်း ပြောသလိုပင် ထိုဝတ္ထုလေးသည် အလွန်ကောင်းပါသည်။ နောက်ဆုံး စာမျက်နှာသည် ထိုဝတ္ထု၏ အသက်ဟုပင် ကျွန်တော် ဆိုချင်သည်။ အခြားသော ၀တ္ထုများလို နောက်ဆုံး စာမျက်နှာ ဖတ်ရုံမျှနှင့်လည်း ဇာတ်လမ်းသဘောကို မသိနိုင်။ နောက်ဆုံး စာမျက်နှာကို မဖတ်လိုက်လျှင်လည်း ၀တ္ထုက ပျက်မသွား။ သို့သော် နောက်ဆုံးစာမျက်နှာကို ဖတ်လိုက်လျှင်တော့ ၀တ္ထုဇာတ်လမ်းတစ်ခုလုံး ပြောင်းပြန် ဖြစ်သွားလိမ့်မည်။ ရင်မောပြီး ကျန်ခဲ့ရလိမ့်မည်။
ထို့နောက်တွင် တာရာမင်းဝေ၏ စာအုပ်များ ဆက်တိုက်ဆိုသလို ထွက်၍လာသည်။ လူငယ်ထု ကြားတွင်လည်း သူ၏နာမည် ထင်ရှားလာခဲ့သည်။ လုံးချင်း ၀တ္ထုများသာမက၊ ၀တ္ထုတိုများ၊ ဆောင်းပါးများ၊ ကဗျာများပါ သူအောင်မြင်စွာ ရေးဖွဲ့နိုင်ခဲ့သည်။ သူ၏ ကဗျာစာအုပ် မိုးခေါင်လို့တီးတဲ့ဗုံသံသည် အလွန်အောင်မြင်ခဲ့သည်။ လူငယ်တစ်ယောက်၏ ကျောက်ထွင်းရာဇ၀င် ၀တ္ထုလတ် သုံးပုဒ်သည် စာဖတ်ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည်။ စုန်းကိုက်ခံရတဲ့သစ်သီး ၀တ္ထုတိုများသည် အထူးထင်ရှားခဲ့သည်။ ပြိုင်မြင်းတို့၏ခွာသံ ဆိုသော စာအုပ်တွင် သူ၏ စာပေအယူအဆ ရေးရာများကို တွေ့နိုင်သည်။ သို့ရာတွင် နောက်ပိုင်း သူ၏ စာရေးအားမှာ တက်လာသလောက် အရည်အသွေး အနည်းငယ် ကျဆင်းသွားသည်ဟု ထင်မိသည်။ ထို့နောက် ထို့နောက် ကိုတာရာမင်းဝေတစ်ယောက် အရက်အရမ်း သောက်လာသည်ဟု သတင်းကြားရသည်။ နိုင်ငံရေးအရ ထိန်းသိမ်း ခံရသည်ဟုလည်း ကြားရသည်။ ပညာတတ် တစ်ယောက်၏ မွန်းကျပ်မှုများ၊ အလိုမပြည့်မှုများကို ကျွန်တော် ခံစားနားလည် နေမိပါသည်။
ဒီလိုနှင့် လွန်ခဲ့သော တစ်ရက်က သူ၏နာရေးသတင်းကို ကြားလိုက်ရတော့ အတော် စိတ်မကောင်း ဖြစ်သွားမိသည်။ မြန်မာပြည်တွင် စာရေးဆရာများ ပေါလှသည်။ အတွေးအခေါ် ကောင်းသော၊ ဆန်းသစ်သော၊ မျိုးချစ်စိတ်ရှိသော၊ သာရာမလိုက်တတ်သော၊ မဖားတတ်သော သူလိုလူကား ရှားသည်။ ကျွန်တော့်တွင် သူ့လက်ရေးနှင့် ရေးထားသော စာအုပ်တစ်အုပ် ရှိသည်။ ဆရာ သစ္စာနီသို့ လက်ဆောင်အဖြစ် ပေးထားသော သူ၏ ပထမ အကြိမ်ထုတ် ပထမဆုံး သူ၏ လုံးချင်းဝတ္ထု ပန်းခေတ်ကလမင်း ဖြစ်သည်။ စာအုပ်ထောင့်တွင် အကိုကြီးကိုရဲ (သစ္စာနီ)သို့ ညီလေး တာရာမင်းဝေဆိုပြီး သူ့လက်မှတ်ထိုးထားသော စာအုပ်ဖြစ်သည်။ မှတ်မှတ်ယယ ထိုစာအုပ်ကို ကျွန်တော် အဟောင်းတန်းက ၁၅၀နှင့် ၀ယ်ယူခဲ့တာ ဖြစ်သည်။ အခုတော့ ကျွန်တော် လေးစားနှစ်သက် ခဲ့ဖူးသော ကိုတာရာမင်းဝေ တစ်ယောက် အားလုံးကို စွန့်ခွာပြီး မွန်းကြပ်ရာ ကမ္ဘာမြေကနေ ထွက်ခွာသွားခဲ့ပြီ။ မြန်မာပြည် ရီနေဆန့်ခေတ်တွင်သာ လူဖြစ်ရပါလို၏ဟုများ သူဆုတောင်း လေမည်လားဟု ကျွန်တော် တွေးနေမိလေသည်။
ညီလင်းဆက်၏ တာရာမင်းဝေဆိုသော ပိုစ့်မှ တိုက်ရိုက်ကူးယူဖော်ပြပါသည်။
ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။
ဆရာတာရာမင်းဝေ (ခ) ချစ်ညီညီ (ခ) ရွှေဘုန်းလူ (၁၉၆၆-၂၀၀၇) ၏ စာမူများအနက်မှ မိမိဖော်ပြပေးလိုသော စာမူများရှိပါက nyinyithanlwin@gmail.com သို့ ပေးပို့ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
Labels
- ၀တ္ထုရှည် (1)
- ၀တ္ထုတို (6)
- ကဗျာ (49)
- စာတိုပေစ (4)
- ဓာတ်ပုံ (5)
- နက္ခတ်ရစ်သမ် (1)
- မိုးခေါင်လို့တီးတဲ့ဗုံသံ (23)
- သတင်း (2)
- အင်တာဗျူး (5)
- အမှတ်တရကဗျာ (9)
- အမှတ်တရစာ (9)
- ရွှေဘုန်းလူ (3)
Blog Archive
-
▼
2007
(77)
-
▼
August
(77)
- ဓားသွားပေါ်မှ ဆပ်ကပ်
- တာရာမရှိတဲ့ကောင်းကင်
- NMA0707 ရဲ့ပို့စ်
- ညီလင်းဆက်၏ ပိုစ့်
- တာရာမင်းဝေရက်လည်
- မကေရဲ့ ပိုစ့်
- ကျောင်းသားအတ္ထုပ္ပတ္တိ
- တာရာမင်းဝေ ဈာပနမှ ဓာတ်ပုံများ
- တစ်ဝက်တစ်ပျက်မှတ်တမ်း
- ကြယ်တစ်ပွင့်ပေးခဲ့တဲ့ နေတစ်စင်းအတွက် အမွေ…
- ဥဒါန်း
- မျှော်
- ကြယ်ကြွေသတို့သား
- ဖိတ်ကြားခြင်း
- တာရာမင်းဝေသို့အလွမ်း
- ကိုတက်စလာ၏ အမှတ်တရ
- မိုးခေါင်နေတဲ့လောကမှာ အစ်ကို့ကိုယ်စား ကျွန်တော်တိ...
- မိုးရေစက်များ၏ သုညတ္တအင်အား
- တာရာမင်းဝေအတွက် အမှတ်တရကဗျာ
- ဆရာတာရာမင်းဝေ၏ စာအုပ်များအနက်မှ အချို့
- ကျောင်းဖွင့်ချိန်
- ကျွန်တော်နှင့် ဧဒင်ကချေသည်
- ဗျတ်စောင်း ဘာသာဗေဒ
- နှင်းလူ
- တေလေမှတ်တိုင်
- လယ်သူမ
- ကဗျာရေးသော လူတစ်ယောက်အကြောင်း
- တိမ်ဖြူတို့နှင့်အတူ
- အနုပညာ မှော်ဝင်စားမှု
- ဗဟိုကွဲအား
- အမည်မသိ
- တေလေကလေး
- သီချင်း
- နိုဝင်ဘာ
- နေကြတ်ချိန်
- ချစ်သူသို့
- မိုး
- အနောက်တောင်
- (နေမိုးဝေ၏ ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။)
- “ငါ့ရင်ခွင်ကြားကနှင်းဆီဓါးသွားတစ်လက်”ထဲမှ ကဗျာ
- ဒိုင်ယာရီအဟောင်းတစ်အုပ်မှ
- ကောက်ကြောင်းများဖြင့် ပုံဖော်ခြင်း
- ကြယ်ကြွေသတို့သားသို့ နောက်ဆုံးနှုတ်ဆက်ခြင်း
- မှော်သားမီးလျှံ
- နွားကဗျာနှင့် ဇော်ဇော်အောင်၏ ဝေဖန်ချက်
- ချစ်သူသို့ ကဗျာများ
- ထင်းခွေသူ
- ကျွန်တော်နဲ့ တိမ်ညိုနိမိတ်
- ပြုစားခဲ့တဲ့လူ
- သတိရကြောင်း
- ဆက်ထုံး
- ...
- ဖြတ်သန်းမှုမှတ်တမ်း
- လူနှင့်နွေရာသီဂီတ
- လွမ်းဆွတ်ကြယ်
- ကျွန်တော်နှင့် မစံပယ်ဖြူ
- ယေဘုယျဝိညာဉ်
- အလင်းတို့ကို ရုတ်သိမ်းလျှက်
- ကျွန်တော်နှင့် သနပ်ခါးပွင့်ကလေး
- စိတ်ပျက်လက်ပျက်
- လူငယ်တစ်ယောက်ရဲ့လမင်း
- လက်ညှိုးညွှန်ရာ . .
- စာမူပေးရန်
- “လူမိုက်များနှင့်ခွဲခွာခြင်း”
- ကျွန်တော်နှင့် နွေယဉ်စွန်းတန်း
- ထာဝရအိပ်ပျော်သွားတဲ့ ကြယ်
- ပူဖောင်းကွဲသူ
- သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်
- “ဓာတ်ပုံလေး”
- နတ်ပူးနေတဲ့ကောင်
- ဥယျာဉ်
- အတိတ်
- ရှင်ကွဲ
- ကျွန်တော်နဲ့တိမ်ညိုနိမိတ်
- မီးတောက်ရစ်သမ်
- `ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ´
- နာကျဉ်နေတဲ့ စကားလုံးများ
-
▼
August
(77)
0 comments:
Post a Comment