တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

တာရာမင်းဝေအတွက် အမှတ်တရကဗျာ

အဲဒီညက
ကြယ်တွေအားလုံး
ရေဆင်းသောက်ကြတယ်...
ပင်လယ်ရဲ့ ငန်ပျပျဂုဏ်သတ္တိမှာ
အားလုံးစိုစိုစွတ်စွတ်နဲ့...
လမင်းကမကြည့်ရဲလို့
မျက်နှာလွှဲသွားတယ်...
....
....
ဓားသွားတွေပြိုးပြိုးပြက်ပြက်
လက်လက်ထတဲ့ည
မကောင်းဆိုးဝါးတွေမြူးထ
ရင်ခုန်သံတပြုံတမနဲ့ ဗုံ တီး က
ကဗျာတွေ ဖိတ်စင်ထွက်ကျ
ပန်း ပွင့် တွေ ခြွေ ချ
ပဉ္စလက် မိုးတွေ ရွာ ကျ
မော ဟိုက် နွမ်း လျ
....
....
ဟိုး ထောင့်တနေရာမှာတော့
ဝတ်စုံဖြူတလွင့်လွင့်နဲ့
ဂျူနိုရယ်
နောက်ထပ်ကြယ်တစ်ပွင့်ရယ်
အမှောင်ထဲကိုစိုက်လို့
ငေးကြည့်နေလိုက်တာ
အကြာ.....ကြီး..။

ပန်ဒိုရာ

1 comments:

Anonymous said...

Endless pain
That Nightmare gave me
After dancing with my Eden’s dancer

My tears rain
For you have ever gone
To find the true meaning of Moon of flower’s era.

Ache in my vain
To know that you are not around
My heart vows to the Girl with a green cross on her golden slippers

My heart just stopped
To walk away with you
To feel Rain from the Eastern Gate

Sky has fallen & Earth has broken
Erupted Mountains & Dried up fountains
My heart just went into plain
To see the aim of your Brass’s sculpture

Just allow me and the morning to get in, please!

May “my dearest bro” Rest in Peace!

Splash!

ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။


Blog Archive