တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

တ၀က်တပျက်မှတ်တမ်း

“တ၀က်တပျက်မှတ်တမ်း”

ပထမမြောက် ရဲရင့်ခြင်းအဖြစ်
အမေက ငါ့ကို ဆွဲဖွင့်တယ်
ယမမင်းရဲ့ သြ၀ါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ။

ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီး
ငါပြောလိုက်တဲ့ ဓားသွားတစ်ခွန်းက
နတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်
မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာ
ဘယ်လက်နဲ့…..၀ှက်ထားတဲ့ ဗျတ်စောင်းပါပဲ။

သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာ
ကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်
ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများ
နက္ခတ်ဦးလို…..ပျံစေသား ။

တာရာမင်းဝေ

Idea , July 2003

မှတ်ချက်။ အထက်ပါ ကဗျာကို ပေးပို့သည့် ဘလော့ဂါ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။

1 comments:

Unknown said...

ဆရာတာရာမင်းဝေ
ခုဆရာမရှိတော့တဲ့နောက်မှာတော့ နတ်ဆိုးတွေက
ဓားသွားစကားတွေမှာ နစ်မွန်းအောင်ပြောတတ်တဲ့သူ
ပြောဝံ့တဲ့သူမှန်သမျှ ပို့နေတယ်ဗျာ
ရာဇ၀င်ကိုယ်ကျင့်တရားမှတ်ကျောက်တင်ခံရတဲ့နေရာတွေပေါ့
အင်းစိန် တို့ သာယာဝတီတို့လို နာမည်ကြီးနေရာတွေပေါ့

ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။