တာရာမင်းဝေ အမှတ်တရ

ဆရာတာရာမင်းဝေ၏ စာမူများ စုစည်းမှု

ပန်းချီမုတ်သုန်ရေးဆွဲသည့် ပုံတူ

“ငါ့ရင်ခွင်ကြားကနှင်းဆီဓါးသွားတစ်လက်”ထဲမှ ကဗျာ

ရနံ့ချိုတဲ့
ဘယ်လိုပန်းတစ်ပွင့်ကိုမှ
ငါ့ရဲ့ အနက်ရောင်ခေါင်းတလားပေါ်
ပေါက်ကျဲမချနဲ့။

ငါ့အလောင်း
ငါ့အရိုးတွေပစ်မယ့်နေရာမှာ...
ဘယ် သူငယ်ချင်းကမှ
နှုတ်ဆက်စကား လာမပြောကြားစေနဲ့။
ငါ့ရဲ့ ... ချစ်မြတ်စင်ကြယ်သူလေးဟာ
ငါ့အုတ်ဂူကို ရှာမတွေ့စေနဲ့ ...။

သက်ပြင်းတို့ အုံ့ ဖြာဝေညွတ်ခြင်း...
...ကင်းတဲ့နေရာ...
အဲဒီနေရာမှာ...
ငါ့ကို မြှပ်နှံပေးပါ...။

[ဒါဟာ ဆရာ့လုံးခြင်းဝတ္တုတစ်အုပ်ဖြစ်တဲ့
‘ငါ့ရင်ခွင်ကြားကနှင်းဆီဓါးသွားတစ်လက် ’ထဲက
ကဗျာတစ်ပုဒ်ပါ။
ရှိတ်စပီးယား ရဲ့ " twelfth night " ဆိုတဲ့ပြဇာတ် ထဲက ကဗျာတစ်ပုဒ် ကို တပိုင်းတစ ဘာသာပြန်ထားတာလို့ ပါပါတယ်။]

(ရှာဖွေပေးပို့ခဲ့တဲ့ နေမိုးဝေကို ကျေးဇူးတင်ပါတယ်။)

0 comments:

ad

ဆရာတာရာမင်းဝေ နောက်ဆုံးရေးသားခဲ့သည့်ကဗျာ

ad
ဒီကဗျာလေးအတွက် ကိုအောင်ဒင်ကို ကျေးဇူး အထူးတင်ရှိပါတယ်။


Blog Archive