Saturday, December 26, 2009
သေလူ
ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဝါးကျည်ထောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။
ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါ ပေ မယ့် . . . ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်
မနေခဲ့ဖူးဘူး။
နောက်တော့
… ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်
ငါ့ကိုယ်ငါ ပြန်ဖတ်လို့ မရတော့ဘူး။
အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်း ဖြစ်သွားတယ်
ငါ့ကို ဘယ်သူက ဝင်ပလုပ်ကျင်းမလဲဆိုတာကို
… စောင့်နေတယ်… ။ ။
(တာရာမင်းဝေ)
မှတ်ချက်။ ။ Idea မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသည့် ဆရာတာရာမင်းဝေ၏ အထက်ပါ ကဗျာကို အီးမေးလ်မှတဆင့် ပေးပို့လာသူ ကိုနေမိုးဝေအား ကျေးဇူးတင်ရှိပါသည်။
2 comments:
  1. ကျွန်တော်တို့ဘ၀က
    ဓားတစ်ချောင်းဖြစ်ပါရဲ့နဲ့
    ဓားအိမ်ထဲမှာနေနေရတယ်အကိုရာ
    သွေးမထားက၊သံမဏိပင်ဖြစ်စေဦးတော့
    အချင်းဓားသည်လိုခါတုံးမနေပေဘူးလားဗျာ
    နှမြောတယ်ဗျာ
    ပြီးတော့လွမ်းမိတယ်
    အကိုနဲ့အကို့စာတွေကို
    ReplyDelete
  2. တော်သေးတာပေါ့ ကိုရွှေဘုန်းရာ
    ဓားဖြစ်မှန်း ကိုယ့်ကို ကိုယ်သိတဲ့ခေတ်မှာမွေးလာခဲ့လို့
    ခုတော့ ကျွန်တော်တို့လူငယ်တွေတော်တော်များများ
    ကိုယ့်ကို ကိုယ် ဓားဖြစ်လို့ဖြစ်မှန်းတောင်မသိကြဘူးလေ
    ငါတို့အသက်တွေ ငါတို့သွေးတွေပေးခဲ့တာ
    ဘာအကျိုးများရှိခဲ့လဲ လို့ပေါ့
    တစ်ခါတစ်ခါ ကိုယ့်ကို ကိုယ်ရှက်မိလို့
    ကိုယ့်မျက်နှာတောင် ကိုယ် မကြည့်ရဲအောင်ပါပဲဗျာ
    ReplyDelete