Wednesday, August 8, 2007

တိမ်ဖြူတို့နှင့်အတူ

စိတ်ကြမ်းဘီလူးတို့ ခြေပင်မကျူးသော အရပ်၌
ငါ..မတ်မတ်တည်ခဲ့ချေပြီ။

အို..အချင်းဆွေမွန်တို့
သင်တို့ကြိုဆိုမည်ဆိုလျှင်
အမှောင် နံနက်သို့ပင် အလင်းငှက်တို့ဖြင့် ငါလာခဲ့ပါမည်။

ထို့နောက်
လောက လေဆန်မှာ ကိုယ့်ကိုကိုယ်အန်ထုတ်
ငါတို့အားလုံး မိုးမချုပ်မီ အိမ်ကိုပြန်ကြမည်။

တာရာမင်းဝေ
“မိုးခေါင်လို့တီးတဲ့ဗုံသံ” မှ

1 comment:

  1. ဆရာတာရာမင်းဝေဆုံးပါးသွားတာအစားထိုးမရတဲ့ဆုံး
    ရှုံးမှုပါ..အခုလိုဆရာ့ရဲ့ကဗျာများကိုပြန်လည်ဖော်ပြပေးတဲ့
    အတွက်ကျေးဇူးတင်ပါတယ်..

    ReplyDelete